Search:   
Home     Search     Invite     Help     Upload Signup    Login

6:42 AM Jul. 18, 2008 - 0 comments - [ post comment ]
အသည်းအသန်ဖြစ်တဲ့ လူမမာ၂ယောက်ဟာ ဆေးရုံတစ်ရုံမှာ တစ်ခန်းတည်းသွားကျနေတယ်။ လူမမာ၁ယောက်က တစ်နေ့ကို ၁နာရီလောက် ကုတင်ပေါ်မှာထိုင်ခွင့်ရတယ်။ ဒါမှ သူ့အဆုတ်ထဲက အရေတွေကို ဆစ်သလိုဖြစ်နေမှာကိုး..ထိုင်ခွင့်ရတဲ့လူမမာ ရဲ့ ကုတင်က အခန်းလေးရဲ့ တစ်ခုတည်းသော ပြတင်းပေါက်ဘေးမှာရှိနေပါတယ်။ နောက်လူမမာ၁ယောက်ကတော့ တစ်ချိန်လုံးကျောခင်းနေရတဲ့ အနေအထားပါ။ ဘယ်လိုပဲဖြစ်ဖြစ် လူမမာ ၂ယောက် တစ်ယောက်ကိုတစ်ယောက်အဖော်လုပ်ကြတယ်။
ဇနီးမယားတွေအကြောင်း၊ အိမ်အကြောင်း၊ အလုပ်အကြောင်း ရောက်တက်ရာရာပြောရင်းနဲ့ သူတို့ရဲ့နေ့တာများကို ကျော်လွန်ဖြတ်သန်းနေကြတယ်။ ဒီလိုနဲ့ နေ့ခင်းချိန်ခါရောက်လို့ ပြတင်းပေါက်ဘေးကုတင်ပေါ်ကလူမမာ ထထိုင်ပြီဆိုတာနဲ့ သူဟာ ပက်လက်လှန်တဲ့လူမမာကို ပြတင်းပေါက်က တစ်ဆင့်သူမြင်ရသမျှပြောပြလေ့ရှိတယ်။ ခုတင်ပေါ်ပက်လက်လှန်နေတဲ့လူမမာခမျာ အဲ့တော့မှ အပြင်လောကကြီးရဲ့အရောင်တွေ အရိပ်တွေကို နားနဲ့ခံစားရင်း အသက်ဆက်နေတော့တယ်။
ပြတင်းပေါက်ကလှမ်းမြင်နေရတာကတော့ သာယာတဲ့ရေကန်လေးနဲ့ ပန်းခြံလေးတစ်ခုပါ။ ဘဲတွေငန်းတွေဟာ ရေကူးမြူးတူးနေကြသလို ကလေးတွေကလည်းသူတို့ရဲ့ စက္ကူလေတွေကို ကန်ထဲမှာ လွှတ်နေကြတယ်။ ငယ်ရွယ်တဲ့ချစ်သူစုံတွဲ တွေကတော့ လက်ချင်းချိတ်လို့ ရောင်စုံပန်းခြံကြီးထဲမှာ လမ်းလျှောက်နေကြတယ်။ ပြတင်းပေါက်က လူမမာဟာ သူမြင်သမျှအဲ့လို အသေးစိတ်ပြောပြတတ်သလို ကုတင်ပေါ်ကလူမမာကလည်း ပြောသမျှအသေးစိတ်နားထောင်ပြီး စိတ်ကူးထဲမှာ ပုံဖောနေတယ်။ တစ်နေ့ခင်းမှာတော့ ပြတင်းနားကလူနာက သူမြင်ရတဲ့ရှင်လောင်းပွဲကို ပြောပြပြန်တယ်။ အဲ့ဒီချိန်မှာစိတ်ရိုင်းက ပက်လက်လှဲနေတဲ့ လူနာရဲ့စိတ်ထဲဝင်လာတယ်။ လူမမာချင်းအတူတူ သူကအပြင်ကိုမြင်ရပြီး ငါကျတော့ အကန်းဖြစ်လို့ပါလား လို့တွေးမိတယ်။ ပထမတော့ ကိုယ့်အတွေးနဲ့ကိုယ်ရှက်သွားတယ်။ ဒီလိုတွေးမိစရာလား မနာလိုဖြစ်စရာလားလို့ပေါ့။ ဒါပေမယ့် ရက်တွေကြာလာပြီး မမြင်လိုက်ရတာတွေက များလာတဲ့အခါမှာတော့ သူ့ရဲ့မနာလိုစိတ်ဟာ မစ္ဆရိယစိတ် အဖြစ်ကို အလိုလိုပြောင်းလဲသွားပြီး ခါသီးလာတော့တယ်။ အဲ့ဒီ ခံစားချက်က ဘယ်လောက်တောင်ပြင်းသလဲဆိုရင် တစ်ချိန်လုံးသူ့ကို နှိပ်စက်နေတယ်။ ညဆိုအိပ်လို့တောင်မပျော် နိုင်ဘူး။ ပက်လက်လှဲနေသူဟာ ပြတင်းပေါက်ဘေးက ကုတင်ကိုလိုချင်တဲ့စိတ်တွေနဲ့ လုံးချာလိုက်လာပြီ။ သူ့ဘ၀မှာ ပြတင်းဘေးက ကုတင်လောက်မက်မောစရာ မရှိတော့သလိုကြီးဖြစ်လာတယ်။ တစ်ညမှာတော့ ပက်လက်လှဲနေတဲ့သူဟာ မျက်နှာကြက်ကို မမှိတ်မသုံကြည့်ရင်းနဲ့ အိပ်မပျော်တဲ့ညတွေကို ဖြတ်သန်းနေချိန်မှာ တစ်ဖက်ကုတင်ကလူဟာ ချောင်းတွေတအားဆိုးလားတော့တယ်။ သူ့အဆုတ်ကအတော် ဒုက္ခပေးနေတာမို့ ချောင်းဆိုးချိန်မှာ အဆုတ်ထဲကအရည်တွေဟာ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့နေတယ်။ တစ်ဖက်ကုတင်က ပက်လက်လှဲနေတဲ့သူဟာ အခန်းဖော်ကို အသာလေးကြည့်လိုက်တယ်။ ချောင်းဆိုးရင်း ပြတင်းဘေးက လူမမာဟာ အရေးပေါ်ခေါင်းလောင်းဆီကို လက်လှမ်းနေတာလည်းတွေ့ရတယ်။ ပက်လက်လှဲနေတဲ့သူဟာ မလှုပ်မယှက်ငြိမ်နေတယ်။ အမှန်ဆို သူ့ကုတင်ဘေးက အရေးပေါ်ခေါင်းလောင်း ခလုတ်လေးကို လှမ်းနှိပ်ပေးလို့ ရတာကို သူမလုပ်ပေးခဲ့ဘူး။
ငါးမိနစ်လောက်တောင်မကြာလိုက်ပါဘူး။ ပြတင်းနားကလူဆီက ဘာအသံမှမကြားရတော့ဘူး။ နောက်တစ်ရက်မိုးလင်းတဲ့အခါမှာ တာဝန်ကျသူနာပြုဟာ အသက်ကင်းမဲ့သွားပြီ ဖြစ်တဲ့ အလောင်းကို အခန်းထဲကနေ ထုတ်ဖို့ စီစဉ်လိုက်တယ်။  အားလုံးနေသားကျသွားတဲ့အခါ တစ်ယောက်တည်းကျန်တော့တဲ့ လူမမာဟာ တာဝန်ကျသူနာပြုကို တောင်းပန်ပါတော့တယ်။ ပြတင်းနားက ကုတင်ပေါ်ပြောင်းပေးဖို့ပါ။ တာဝန်ကျသူနာပြု ကလည်းပြောင်းပေးလိုက်ပါတယ်။ ပက်လက်လှဲနေတဲ့လူမမာဟာ တံတောင်ဆစ်ကို အားပြုလို့ တဖြေးဖြေးအားယူပြီး ကိုယ်တစ်ပိုင်းကြွလိုက်ပါတယ်။ ပြတင်းပေါက်ကနေ အပြင်ဘက်ကို အလောသုံးဆယ်ကြည့်လိုက်တယ်.... သူမြင်လိုက်ရတာက ဘာကိုမှမရှိတဲ့ဆေးရုံ နံရံကြီးပါ။ ဘယ်လိုဖြစ်သွားတာလဲ။ သွားလေသူပြောတော့ ရေကန်နဲ့ ပန်းခြံနဲ့ ။ ပက်လက်လှဲနေတဲ့သူဟာ စိတ်ပျက်ပျက်နဲ့ ကုတင်ပေါ်ပြန်လှဲရင်း ဟိုလူဘာကြောင့် အဲ့လိုတွေပြောသွားတာလဲ ဆိုတာကို တနုံနုံတွေးနေမိတယ်။ မနေနိုင်တော့တဲ့အဆုံးမှာ သူနာပြုဆရာမကိုမေးမိတယ်။ သေသွားတဲ့အခန်းဖော်က ပြတင်းပေါက်ကိုကြည့်ပြီး ဘာလို့လုပ်ဇာတ်ခင်းသွားတာလဲလို့ပေါ့။ သူနာပြုဆရာမကပြန်ဖြေတယ်။ သွားလေသူလူမမာဟာ မျက်မမြင်တစ်ယောက်ဖြစ်တဲ့အတွက် ပြတင်းပေါက်ကနေကြည့်ရင်တောင် ဆေးရုံနံရံကို မမြင်နိုင်ရှာပါဘူးတဲ့။ "သူ ရှင့်ကိုအားပေးချင်တဲ့စိတ်နဲ့ အဲ့လိုပြောသွားတာနေမှာပေါ့ရှင့် " တဲ့။

ဒီပုံပြင်ကို နှစ်သက်သလို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။
သေချာတာ တစ်ခုကတော့ ကိုယ့်အခြေအနေဘယ်လောက်ပဲဆိုးနေ တစ်ဖက်သားကို စိတ်ချမ်းသာအောင်ပြုလုပ်ပေးနိုင်ရင် ကိုယ်လည်းအများကြီးစိတ်ချမ်းသာတယ်ဆိုတာပါပဲ။ ကြေကွဲမှု ပူဆွေးမှု တစ်ဖက်သားနဲ့ မျှဝေခံစားလိုက်မယ်ဆိုရင် နှစ်ဆတိုးပြီးပျော်နိုင်ပါတယ်။
သူငယ်ချင်းတွေအားလုံးလည်း ဒီလိုလုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။
6:40 AM Jul. 18, 2008 - 0 comments - [ post comment ]
တစ်ခါတုန်းက မိန်းမကြီး ၂ယောက်မှာ အိုး၂လုံးရှိတယ်။ အိုးနှစ်လုံးကို ထမ်းပိုးမှာလျှို၊ ပခုံးနဲ့ထမ်းပြီး ရေသယ်တဲ့ အိုးတွေပေါ့။ အိုးနှစ်လုံးထဲ က တစ်အိုးကတော်တော်ကောင်းတယ် ဘယ်တော့မှမစိမ့်ဘူး၊ မယိုဘူး။ အဲ့.. ကျန်တဲ့တစ်အိုးမှာတော့ အက်ကြောင်းလေးရှိနေတယ်။ မြစ်ကမ်းကနေရေ တွေအပြည့်သယ်လာရင် အိမ်လည်းရောက်ရော အိုးအအက်ထဲမှာ ရေကတစ်ဝက်ပဲကျန်တော့တာချည်းပဲ။ ဒီတိုင်းပဲ ရေတစ်ခါငင်ရင် ရေတစ်အိုးခွဲနှုန်းနဲ့ စခန်းသွားလာလိုက်တာ နှစ်နှစ်တင်းတင်းပြည့်ပါလေရော။ ဒီအခါမှာ အိုးအကောင်းကရေအပြည့်သယ်နိုင်တဲ့အတွက် ဂုဏ်တ၀င့်ဝင့်နဲ့ပေါ့။ ဒါလည်းသဘာဝကျပါတယ်လေ။ စွမ်းတယ် လုပ်နိုင်တယ်ဆိုတာလည်း ဂုဏ်ယူစရာ ၀င့်ကြွားစရာပဲမဟုတ်လား။ အဲ...အိုးအအက်ခမျာတော့ ရှက်နေရှာတယ်။ တစ်အိုးအပြည့် ဘယ်တော့မှမပါနိုင်ပဲ တစ်ဝက်ပဲအိမ်ရောက်တဲ့အတွက် အနေရအထိုင်ရခက်နေတယ်။ ခုလို ၂ နှစ်လုံးကြာလာတဲ့ အခါမှာတော့ အိုးအအက်ရဲ့စိတ်ထဲမှာ ဘယ်လိုမှမခံစားနိုင်တော့တာမို့ တစ်နေ့မှာ မြစ်ကမ်းနံဘေးရေငင်နေတဲ့ မိန်းမကြီးကို သွားပြောတော့တယ်။
"ကျွန်မမှရှိတဲ့ အက်ကြောင်းလေးကြောင့် သခင်မမှာ နှစ်နှစ်လုံးလုံး လိုသည်ထက်ပိုပင်ပန်းခဲ့ရတယ်။ ကျွန်မသာအက်ကြောင်းမရှိဘူးဆိုရင် ရေတွေအပြည့်ပိုသယ်နိုင်မှာမို့လို့ သခင်မ အနေနဲ့ တစ်နေ့၂ခေါက်သယ်စရာ ဘယ်လိုပါ့မလဲ။ခုတော့ ကျွန်မကြောင့် သခင်မ၀န်ပိုနေပါပြီ။"
မိန်းမကြီးဟာ အိုးအအက်ရဲ့စကားကြောင့် စိတ်မကောင်းဖြစ်သွားတယ်။ "ဒါဆို အိမ်အပြန်ကျရင် အိမ်အ၀င်လမ်းကပန်းတွေကို သတိထားကြည့်လိုက်ပါလား။"
ဒါပဲပြောပြီး မိန်းမကြီးကလည်း အိုးနှစ်လုံးကို ရေအပြည့်ဖြည့်လို့ သူ့အိမ်ကို ရေသယ်သွားလိုက်ပါတယ်။ အိမ်ဝင်းထဲ ၀င်တဲ့အခါမှာတော့ အိုးအအက်ဟာ အိမ်အ၀င်လမ်းဘေးမှာပေါက်နေတဲ့ ပန်းလေးတွေကို သတိထားပြီးကြည့်လိုက်ပါတယ်။ ပန်းလေးတွေဟာနေရောင်အောက်မှာ လှပစွာဖူးပွင့်နေပါတယ်။ ပန်းတွေကိုကြည့်လိုက်တော့ အိုးအအက်လည်း စိတ်တွေကြည်လာသလိုပဲ။ ဒါပေမယ့် အိမ်ထဲက ရေစည်နားလည်းရောက်ရော အိုးအအက်ဟာ ခံစားမှုဟောင်းပြန်ပေါ်လာတယ်။ ထုံးစံအတိုင်းမြစ်ကမ်းတုန်းက သူ့ထဲကိုရေအပြည့်ဖြည့်ခဲ့ပေမယ့် ရေစည်နားရောက်တော့ ရေကတ၀က်ပဲကျန်တော့တာကိုသခင်မကိုတောင်းပန်မိရပြန်တယ်။ မိန်းမကြီးက အိုးအအက်ကိုပြန်ပြောတယ် "ဟဲ့...ဘာတွေများစိတ်မကောင်းဖြစ်နေတာလဲ။ လမ်းမှာ ပန်းတွေကိုကြည့်လိုက်တော့ ညည်းဘက်မှာပဲပွင့်နေတာကို သတိမထားမိခဲ့ဘူးလား။ အိုးအကောင်းဘက်မှာ ဘာပန်းမှမရှိဘူးလေ။ အေး..အဲ့ဒါ ကျုပ်ညည်းရဲ့ချို့ယွင်းချက်ကို သိပြီးကောင်းကောင်းအသုံးချခဲ့လို့ပေါ့။ ပန်းမျိုးစေ့ ညည်းရှိတဲ့ဘက်မှာ ကျဲခဲ့တာလေ။ မြစ်ထဲကရေငင်ပြီးပြန်လာတဲ့အခါတိုင်း ညည်းကအဲ့ဒီပန်းပင်တွေကို နေ့စဉ်မပြတ်ရေလောင်းပေးခဲ့တာပဲ။ နှစ်နှစ်လုံးလုံးကျုပ်ဘုရားပန်းတွေ ဝေနေအောင်တင်နိုင်ခဲ့သလို အိမ်ရှေ့မှာပန်းတွေနဲ့ ဝေေ၀ဆာဆာ တင့်တယ်နေတာပေါ့။ ညည်းမှာသာ အက်ကြောင်းပါမလာရင် ကျုပ်လည်း ဘယ်လာပြီးပန်းပင်တွေတကူးတက စိုက်နိုင်၊ ရေလောင်းနိုင်ပါ့မလဲ။ ညည်းကြောင့်သာ ကျုပ်မှာ ဘုရားကိုပန်းလှလှကပ်နိုင်ခဲ့တာ၊ အိမ်ရှေ့မှာပန်းတွေဝေပြီး ကျက်သရေရှိနိုင်ခဲ့တာ။"

ကျွန်တော်တို့ လူတွေအားလုံးမှာလည်း ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေ၊ အနာအဆာတွေ အသက အသက နဲ့ပါ။ တစ်နည်းပြောရရင် ကျွန်တော်တို့ လူသားအားလုံးအိုးအအက်တွေချည်းပါပဲ။ ဒါပေမယ့် အဲ့ဒီအနာဆာတွေ ချို့ယွင်းချက်တွေ အားနည်းချက်တွေကို အကျိုးရှိရှိ အသုံးချတတ်မယ်ဆိုရင် လောကကြီးကို တစ်နည်းတစ်ဖုံအကျိုးပြုသွားနိုင်မှာပါ။
ကိုယ့်မှာချို့ယွင်းချက်တွေ အနာဆာတွေ ရှိနေတဲ့အတွက် စိတ်အားငယ်စရာ ၀မ်းနည်းစရာ မဟုတ်ပါဘူး။ အဲ့ဒီအားနည်းချက်တွေ အနာဆာတွေကို အကျိုးရှိရှိ အသုံးချ ဖို့လိုပါတယ်။
6:39 AM Jul. 18, 2008 - 0 comments - [ post comment ]
သားအဖနှစ်ယောက်နေထိုင်တဲ့အိမ်လေးမှာ သမီးလုပ်သူက ဖအေကို တိုင်တည်တယ်။ သူ့ဘ၀မှာ အဆင်မပြေတာတွေများနေတယ်ပေါ့။ ဘာလုပ်လုပ် အဆင်မပြေမှုတွေချည်းမို့ အားကပျက်နေပြီ အရာရာကို လက်လျော့ချင်စိတ်ကပေါက်နေပြီ ဖေဖေရယ်။ တိုက်ရခိုက်ရတာ၊ ရုန်းကန်းရတာလည်း သမီးမှာမောလှပါပြီ။ ပြသနာတစ်ခုပြေလည်သွားလို့ နောက်ထပ်ပြသနာ တစ်ခုထပ်တက်လာနဲ့၊ ဘ၀ဆိုတာ ဒုက္ခတွင်းကြီးထဲဇောက်ထိုးဆင်းနေရသလိုပါပဲ
ဖေဖေရယ် သမီးတော့စိတ်ညစ်တယ် လူတောင်ဆက်မလုပ်ချင်တော့ဘူး ဘာညာစသဖြင့်  ဖအေကိုတိုင်တည်ရင်ညည်းရှာတယ်။
ဖအေလုပ်တဲ့သူက စားဖိုမှူးကြီးပါ။ သမီးကလည်း အဲ့လိုညည်းညူတိုင်တည်လာရော ဖအေက ဘာမပြောညာမပြောနဲ့ သမီးလက်ကို ဆွဲပြီး မီးဖိုချောင်ထဲခေါ်သွားတယ်။ပြီးတော့ အိုးသုံးလုံးထဲရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာ တည်လိုက်တယ်။မကြာပါဘူး... မီးတွေကပြင်းတော့ သုံးအိုးစလုံးထဲကရေတွေ ပွက်ပွက်ဆူတော့တာပေါ့။ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုန်လာဥတွေထည့်၊ နောက်တစ်အိုးထဲကို ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေထည့်လိုက်ပါတယ်။ပြီးတော့ အိုးတွေကို ဒီတိုင်းဆက်တည်ထားလိုက်တယ်။ ဆယ်မိနစ်လောက်ကြာတော့ မီးသုံးဖိုစလုံးကို သတ်လိုက်ပြီး ပထမအိုးထဲက မုံလာဥတွေကိုဆယ်၊ ပန်းကန်၁ချပ်ထဲတည့်။နောက်တစ်အိုးထဲက ကြက်ဥတွေဆယ်ပြီး ပန်ကန်၁ချပ်ထဲထည့်တယ်။နောက်ဆုံးတစ်အိုးထဲက လက်ဖက်ခြောက်တွေကိုတော့ ပန်းကန်တစ်လုံးထဲတည့်တယ်။ပြီးတော့မေးလိုက်တယ်.."ကဲ..သမီး ဒါတွေက ဘာတွေလဲ"
"မုံလာဥပြုတ်ရယ်၊ကြက်ဥပြုတ်ရယ်၊ရေနွေးကြမ်းရယ်ပါဖေဖေ"
ဖအေလုပ်သူက သူ့နားလာခိုင်းပြီး မုံလာဥတွေကိုစမ်းခိုင်းတယ်။ သမီးကဖအေခိုင်းတဲ့အတိုင်း မုံလာဥပြုတ်တွေကို ဇွန်းနဲ့ထိုးကြည့်ပြီးတဲ့နောက် "ဖေဖေ..မုံလာဥတွေကပျော့နေပြီလို့ပြောလိုက်ပါတယ်"
ဖအေကကြက်ဥပြုတ်၁လုံး ကိုယူပြီး သမီးကိုခွဲခိုင်းလိုက်ပါတယ်။ အပေါ်ကအကာကို ခွာလိုက်တဲ့အခါမှာတော့ ကောင်းကောင်းကြီးကျက်နေတဲ့ ကြက်ဥပြုတ်ပေါ့။ နောက်ဆုံးတော့ ရေနွေးကြမ်းကို မြည်းကြည့်ဖို့ခိုင်းလိုက်ပြန်တယ်။အင်မတန်မွှေးပျံ့ပြီး အရသာရှိတဲ့လက်ဖက်ရည်ကြမ်းဖြစ်နေတယ်။
"ဖေဖေ ဘာကိုပြောချင်တာလဲဟင်...."လက်ဖက်ရည်ကြမ်းကို အရသာခံရင်း သမီးကမေးလိုက်တယ်။
ဖအေက ရှင်းပြတယ်။ " မုံလာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ် ဆိုတဲ့မတူတဲ့ အရာသုံးမျိုးဟာ တူညီတဲ့ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တစ်ပြိုင်တည်းတစ်ညီတည်း ထည့်အပြုတ်ခံလိုက်ရတာချင်း အတူတူ တုံ့ပြန်ပုံချင်းကျတော့ မတူဘူးသမီးရဲ့"
"မုံလာဥဟာရေနွေးပူထဲမရောက်ခင်တုန်းမှာတော့ သန်သန်မာမာ တောင့်တောင့်တင်းတင်း...ဒါပေမယ့် ရေနွေးနဲ့လည်း အပြုတ်ခံလိုက်ရော တစ်ခါတည်းပျော့ဖတ်ပြီး ချိနဲ့သွားတော့တယ် "
"ကြက်ဥကကျတော့ ရေနွေးထဲမရောက်ခင်မှာ အထိမခံဘူး။ ထိလိုက်တာနဲ့ ဖတ်ခနဲကွဲမှာ အသေအချာပဲ။ အပေါ်ခွံပါးပါးလေးက အထဲက အရည်ကြည်ပျော့ဖတ်ဖတ်လေးတွေကို ကာရံထားတဲ့အနေအထားပေါ့။ ဒါပေမယ့် ရေနွေးဆူဆူထဲမှာလည်း ကြာကြာလေးနေလိုက်ရရော အဲ့ဒီပျော့အိအိ အတွင်းသားတွေ အကုန်မာသွားတာပဲ မဟုတ်လား "
"လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်းရောက်ရော အဲ့ဒီပွက်နေတဲ့ရေကို လက်ဖက်ရည်အဖြစ်ပြောင်းလဲပစ်လိုက်တယ်."
"ကဲ ..အဖ့သမီးကရောဘာလဲ၊ မုံလာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား။ လောကဓံဆိုတာတော့ လူတိုင်းရင်ဆိုင်ကြရတာပဲ။ အဲ့ဒီ လောကဓံနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါမှာ သမီးကဘယ်လို တုံ့ပြန်ချင်သလဲ ။ မုံလာဥလို တုံ့ပြန်မလား။ ကြက်ဥလို တုံ့ပြန်မလား။ လက်ဖက်ခြောက်လို တုံ့ပြန်မလား သမီးဘာသာစဉ်းစားပေတော့.."

အပြင်ပန်းမှာတော့ မုံလာဥလို မာမာတောင့်တောင့် က လောကဓံနဲ့ ရင်ဆိုင်ရတဲ့အခါကျရင်တော့ ပျော့ခွေနွမ်းရိပြီး အားကုန်သွားမယ့်လူစားမျိုးပါ။
ကြက်ဥကြတော့ အစတုန်းက ထိခိုက်လွယ်၊ ရှလွယ်တယ်၊ စိတ်ကလည်းပျော့တယ်၊ဒါပေမယ့်လောကဓံနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ထီမထင်စိတ်ဓာတ်နဲ့ မာကျောကျော ထောင့်တင်းတင်းဖြစ်သွားတဲ့ လူစားမျိုး ။ မပြုတ်ခင်ကြက်ဥနဲ့ ပြုတ်ပြီးသားကြက်ဥလိုပဲ အပြင်ပန်းမှာတော့ သိပ်မကွာသလိုနဲ့ အတွင်းပိုင်းမှာတော့ ခါးသီးမာကျောတဲ့ စိတ်နဲ့ လူများဖြစ်နေမလား
လက်ဖက်ခြောက်လိုလူမျိုးကြတော့ ရေပူပေမယ့် အသွင်ပြောင်းပေးနိုင်စွမ်း ရှိတာမျိုးလေ။ လက်ဖက်ခြောက်ဆိုတာ ရေနွေးဆူလေလေ.. ပွက်လေလေ.လက်ဖက်ရည်အရသာကောင်းလေလေပေါ့....
လက်ဖက်ခြောက်လိုလူဆို တာကလည်း ဒုက္ခ၊ သုခတွေ အရှိန်တက်လေလေ.. အရည်ချင်းပိုရှိလာလေလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့ အခြေအနေကို ဖန်တီးပေးနိုင်သူဖြစ်နေပါလိမ့်မယ်။

သူငယ်ချင်းတို့အားလုံးရော...လူမုံလာဥဖြစ်ချင်လားး ၊ လူကြက်ဥဖြစ်ချင်လားး ၊ လူလက်ဖက်ခြောက်ဖြစ်ချင်လားးး
6:37 AM Jul. 18, 2008 - 0 comments - [ post comment ]
ဟိုးရှေးရှေးတုန်းက ပန်းသီးပင်ကြီး၁ပင်ရှိတယ်တဲ့။ ပန်းသီးပင်ကြီးဆီကို ကောင်လေး၁ယောက်က နေ့စဉ်လာလာ ကစားနေကြပေါ့။ အပင်ပေါ်တက်၊ ပန်းသီးတွေကို ဆွတ်ခူးစားသောက်၊ သစ်ပင်ရိပ်မှာ တစ်မှေးအိပ်၊ ကောင်လေးအတွက် ပန်းသီးပင်ဟာ အဖော်ကောင်းလို့ပဲပြောရမှာပေါ့။ ကောင်လေးက ပန်းသီးပင် ကို သိပ်ချစ်သလို၊ ပန်းသီးပင်ကြီးကလည်း ကောင်လေးကို အဖော်လုပ်ပေးနေရတာ သိပ်သဘောကျတယ်ပေါ့၊

ဒီလိုနဲ့ အချိန်တွေ တရွှေ့ရွှေ့ကုန်သွားပါတယ်... ကောင်လေးကလည်း အရွယ်လေးမသိမသာ ရောက်လာတာနဲ့ အတူပန်း သီးပင်ကြီးဆီကိုလည်း နေ့စဉ်မရောက်ဖြစ်တော့ဘူး။ တနေ့တော့ကောင်လေးဟာ ပန်းသီးပင်ကြီးဆီကို မသာယာလှတဲ့ မျက်နှာနဲ့ရောက်လာတယ်။ ပန်းသီးပင်ကြီးက သူနဲ့ကစားရအောင်ကောင်လေးကို လှမ်းခေါ်လိုက်တယ်။ "ကျွန်တော်ကလေးမဟုတ်တော့ဘူးဗျ။ သစ်ပင်တွေနဲ့ကျွန်တော် မဆော့တတ်တော့ဘူး။ အရုပ်တွေ၊ ကစားစရာတွေနဲ့ပဲ ဆော့ချင်နေတယ်၊ ခက်တာက အရုပ်တွေကစားစရာတွေ ၀ယ်ဖို့ ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး။"
"အေးငါ့မှာလည်း ပိုက်ဆံမရှိဘူးကောင်လေးရဲ့။ ဒါပေမယ့် ငါ့အသီးအားလုံးကိုခူးပြီးပြန်ရောင်းမယ်ဆို မင်းပိုက်ဆံရမှာပါ " ဒီစကားကြားတော့ ကောင်လေးက ပျော်သွားတယ်။ ပန်းသီးခူးပြီးရောင်းလိုက်ရင် ပိုက်ဆံတွေရမှာပဲ ဆိုပြီး ပန်းသီးအားလုံးကို ခူးပြီးထွက်သွားတော့တယ်။
အဲ့ဒီနောက်မှာတော့ ကောင်လေးဟာ ပန်းသီးပင်ကြီးဆီကို တော်တော်နဲ့ မရောက်တော့ပါဘူး။ ပန်းသီးပင်ကြီးက စိတ်မကောင်းဖြစ်နေတာပေါ့။ အကြာကြီးခါမှ တနေ့တော့ကောင်လေးဟာ ပန်းသီးပင်ကြီးဆီကို ရောက်လာပါတယ်။ ပန်းသီးပင်ကြီးကကောင်လေးကို တွေ့တော့ပျော်သွားတာပေါ့။
ပန်းသီးပင်ကြီး ကသူနဲ့ ကစားဖို့လှမ်းခေါ်တယ်။ "ကျွန်တော့်မှာ ကစားဖို့အချိန်မရှိဘူး။ ကျွန်တော့်မိသားစု အတွက် အလုပ်လုပ်ရအုံးမယ်။ မိသားစုနေဖို့ အိမ်လေး၁လုံးလိုနေလို့ မကူညီနိုင်ဘူးလား"
"အင်း ငါ့မှာ အိမ်တော့ ဘယ်ရှိမလဲ ဒါပေမယ့် ငါ့သစ်ကိုင်းတွေခုတ်ပြီး အိမ်ဆောက်မယ်ဆိုရင်မဖြစ်နိုင်ဘူးလား။ ခုန်ယူပါလား" ဒါနဲ့ ကောင်လေးက ပန်းသီးပင်ကြီးရဲ့ သစ်ကိုင်းတွေကို အားရပါးရခုတ်ယူပြီး ပျော်ရွှင်စွာနဲ့ ထွက်သွားသတဲ့။ ထုံးစမ်းအတိုင်း ကောင်လေးပျောက်သွားပြန်တော့ ပန်းသီးပင်ကြီး ကအထီးကျန်ပြီး စိတ်ထိခိုက်ကြေကွဲနေရပြန်တာပေါ့။
အဲ့လိုနဲ့ ပူပြင်းလှတဲ့နွေတရက်မှာ ကောင်လေးကပြန်ပေါ်လာတယ်။ ပန်းသီးပင်ကြီးကလည်းဝမ်းသာအားရနဲ့ ကစားဖို့ခေါ်တာပေါ့။ "မကစားနိုင်ပါဘူး ပန်းသီးပင်ကြီးရယ် ကျွန်တော်စိတ်ညစ်နေလို့ အသက်ကကြီးလာတော့ လှေတစ်စီးနဲ့ ရွက်လွှင့်ရင်း အေးအေးလူလူ နားချင်လိုက်တာ။ ကျွန်တော့် အတွက်လှေတစ်စီးလောက် ရှာမပေးနိုင်ကျဘူးလား "
"ငါ့ပင်စည်ခုတ်လှဲပြီး လှေလုပ်လိုက်ပါလား ဘာပဲဖြစ်ဖြစ် မင်းကြိုက်တဲ့နေရာလှော်ခတ်ပြီး ပျော်နိုင်ပါလိမ့်မယ်" ဒါနဲ့ကောလေးက ပန်းသီးပင်ကြီး ရဲ့ ပင်စည်ကို ခုတ်ပြီးလှေတစ်စီး လုပ်လိုက်တာပေါ့။
လှေလည်းရရော ကောင်လေးကပင်လယ်ပြင်ကျယ်ကြီးကို ရွက်လွှင့်လိုက်တာ တော်တော်နဲ့ ပြန်မလာတော့ဘူး။
အဲ့ကနေ နှစ်ပေါင်းများစွာ ကြာတဲ့အခါ ကောင်လေးပြန်ရောက်လာပါတယ်။
"ဒီတစ်ခါတော့ ငါမင်းကိုပေးစရာဘာမှ မရှိတော့ဘူး ပန်းသီးတွေလည်းကုန်ပြီ"
"ကျွန်တော့်မှာ ပန်းသီးကိုက် နိုင်တဲ့သွားတွေလည်းမရှိတော့ပါဘူးဗျာ"
" မင်းတွယ်တက်ဖို့ သစ်ကိုင်းလည်း ငါ့မှာမရှိတော့ဘူး"
"ကျွန်တော်လည်း သစ်ပင်မတက်နိုင်တော့ဘူး အိုပြီဗျာ"
"မင်းကို ပေးစရာ ဘာဆိုဘာမှမကျန်တော့ဘူး ကောင်လေး ငါ့မှာကျန်တာဆိုလို့ သေတော့မယ့်အမြစ်တွေပဲ ရှိတော့တယ်နော်"
ပန်းသီးပင်ကြီးပြောရင်းနဲ့ မျက်ရည်လည်လာတယ်။ကောင်လေးကပြန်ပြောတယ်
"ကျွန်တော်လည်းဘာမှ မလိုချင်တော့ ပန်းသီးပင်ကြီးရယ်။ ကျွန်တော်လို ချင်တာ နားခိုစရာနေရာလေး တစ်ခုပါပဲ။ ကျွန်တော့်ဘ၀မှာ ပင်ပန်းလှပါပြီ"
"ဒါဆိုအတော်ပဲပေါ့။ သစ်ပင်အိုကြီးရဲ့ အမြစ်ဆိုတာ မှီလို့အုံးလို့ကောင်းတဲ့ နားခိုစရာအစစ်ပဲလေ။ ထိုင်ကွာ ငါနဲ့ အတူထိုင်ပြီး မင်းစိတ်တိုင်းကျ နားလိုက်စမ်းပါ"
ကောင်လေး ပန်းသီးပင်အမြစ်ဘေးမှာ ထိုင်ချလိုက်ပါတယ်။ ပန်းသီးပင်ကြီးမျက်ရည်တွေ ကြားမှာ ကြည်ကြည်နူးနူးပြုံးလိုက်ပါတယ်။
ပန်းသီးပင်ကြီးဆိုတာ ကျွန်တော်တို့ ဖေဖေမေမေပါပဲ။ ငယ်ငယ်တုန်းက ဖေဖေမေမေနဲ့ ကစားခဲ့တာ ကျွန်တော်တို့ဘယ်လောက်ပျော်ခဲ့ရလဲ။ အဲ အရွယ်လေးလည်းရောက်လာကြရော ကျွန်တော်တို့လည်း ဖေဖေနဲ့မေမေကို ထားရစ်ခဲ့ကြတာပါ။ ကိုယ်လိုချင်တာလေးရှိမှ ကိုယ့်မှာဒုက္ခကြုံလာတော့မှ ပြန်ရောက်ရတော့တာပဲ။ မိဘဆိုတာလည်း သူတို့မှာ ရှိသမျှတွေကိုပေးရင်း ကိုယ့်သားသမီးစိတ်ချမ်းသာအောင်ဆောင်ရွက်ပေးကြတဲ့သူချည်းပါပဲ။

ပုံပြင်ထဲကကောင်လေးဟာ ပန်းသီးပင်ကြီးပေါ်ရက်စက်တယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။  ဒါပေမယ့်ကျွန်တော်တို့ အားလုံးရော ကျွန်တော်တို့ မိဘပေါ်မှာ ဒီလိုပဲဆက်ဆံဖြစ်ခဲ့၊ ရသမျှအကုန်ယူခဲ့ကြတာချည်းပဲ မဟုတ်ပါလား။

ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပြောပြကြပါ။ ပြီးရင် ကိုယ့်မိဘတွေကို ရိုသေချေငံစွာ ချစ်ခင်မြတ်နိုးစွာဆက်ဆံ နိုင်အောင်ကြိုးစားကြပါလို့ ဆန္ဒပြုလိုက်ပါတယ်။
6:43 PM Jul. 7, 2008 - 1 comments - [ post comment ]

တစ်နေ့မှာ ကုလားအုတ်လေးတစ်ကောင်က သူ့မိခင် ကုလားအုတ်မကြီးကို မေးပါတယ်။

ကုလားအုတ်လေး - မေမေ သားတို့ ကုလားအုတ် တွေမှာ ဘာလို့ဘို့တွေ ရှိတာလဲဟင်?

မိခင် - သားရယ် မေမေတို့က သဲကန္တာရမှာ ကျက်စားတဲ့ တိရိစ္ဆာန်တွေဆိုတော့ ရေတွေ အများကြီး သိုလှောင်ထားဖို့ ဘို့တွေ လိုတာပေါ့။ ဒါကြောင့် မေမေတို့တွေ ကန္တာရထဲမှာ ရေမသောက်ရလည်းပဲ အသက်ဆက်ရှင်နိုင်တယ်လို့ အားလုံးက သိကြတယ်လေ။

ကုလားအုတ်လေး - ဒါဆိုရင် သားတို့ခြေထောက်တွေက ဘာလို့ရှည်မျောမျောနဲ့ ဖြစ်နေပြီး ခြေဖ၀ါးတွေက ၀ိုင်းဝိုင်းကြီးတွေ ဖြစ်နေတာလဲဟင်?

မိခင် - ဒီခြေထောက်တွေကလည်း သဲကန္တာရထဲမှာ သူများတွေထက် ပိုပြီး လမ်းကောင်းကောင်းလျှောက်နိုင်ဖို့ အတွက်ပေါ့ သားရဲ့။

ကုလားအုတ်လေး - ဟုတ်ကဲ့။ အဲဒါဆို သားတို့မျက်တောင်တွေကရော ဘာလို့အရမ်းရှည်နေတာလဲဟင်။ တစ်ခါတစ်လေ မျက်စိကြည့်ရတာတောင် ရှုပ်တယ်။

မိခင် - အဲဒီမျက်တောင်ရှည်ရှည်လေးတွေက သားမျက်လုံးကို သဲကန္တာရထဲက လေပြင်းတွေ သဲတွေရဲ့ဒဏ်ကနေ ကာကွယ်ပေးထားတဲ့ အကာအကွယ်တွေပေါ့။

ကုလားအုတ်လေး - သြော် သားသိပြီ။ ဒါဆို သားတို့ရဲ့ဘို့က သဲကန္တာရထဲ ရှိနေတဲ့အချိန်မှာ ရေတွေသိုလှောင်ထားဖို့၊ ခြေထောက်တွေကလည်း သဲထဲမှာ ကောင်းကောင်းလျှောက်နိုင်ဖို့၊ မျက်တောင်တွေကလည်း သဲကန္တာရထဲကသဲတွေမျက်လုံးထဲမ၀င်အောင် ကာကွယ်ဖို့ပေါ့နော်။

မိခင် - ဒါပေါ့သားရဲ့

ကုလားအုတ်လေး - ဒါဆို သားတစ်ခုလောက် မေးချင်သေးတယ်။

မိခင် - ဘာများလဲသားရဲ့?

ကုလားအုတ်လေး - သားတို့ ဒီတိရိစ္ဆာန်ရုံထဲမှာ ဘာလာလုပ်နေတာလဲဟင်…?
မိခင် - …………………………………………………..

လူတစ်ယောက်ရဲ့ ကျွမ်းကျင်မှု၊ ဗဟုသုတ၊ စွမ်းရည် နဲ့ အတွေ့အကြုံဆိုတာတွေက နေရာမှန်တစ်ခုကို ရောက်နေမှ တကယ်အသုံးကျတာပါ။ သင်ရော… အခုဘယ်မှာလဲ?


( နဂါးလေး ၀င်းနိုင်ဆီမှကူးယူထားပါသည်.... ကျေးဇူးပဲ နဂါးလေးဝင်းနိုင်ရေ..)
6:42 PM Jul. 7, 2008 - 0 comments - [ post comment ]
ဟိုးရှေးရှေးတုန်းက အင်မတန် စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေးတယောက်ရှိသတဲ့။
တနေ့ကျတော့သူ့အဖေကကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီးပြောပါတော့တယ်။ မင်းတစ်ခါစိတ်တိုတိုင်း စိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက၀င်းထရံမှာ သွားသွားရိုက်ချေကွာတဲ့။ အဖေက အဲ့လိုပြောပြီး သံထုပ်ပေးလိုက်တဲ့ပထမနေ့မှာတော့ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း၃၇ချောင်းတိတိကို ရိုက်သွင်းဖြစ်ခဲ့ပါတယ်။ အဲ့လိုနဲ့စိတ်တိုတိုင်း ဒေါသဖြစ်တိုင်းမှာသံလေးတွေကို ၀င်းထရံတိုင်မှာ ရိုက်ရင်းရိုက်ရင်းနဲ့ကောင်လေးဟာ သူစိတ်ကို သူထိန်းလာနိုင်သတဲ့။ သံရိုက်ချက်တွေ တနေ့ထက်တနေ့ ကျဲကျဲလာတော့တာ ပေါ့လေ။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာသံပြေးပြေးရိုက်ရတာထက်စာရင် ဒေါသစိတ် ကိုထိန်းရတာ ပိုပြီးလွယ်ကူမှန်းတဖြေးဖြေးသဘောပေါက်လာတယ်။ အဆုံးမှာတော့ ကကောင်လေးဟာ လုံးလုံးကို စိတ်မတို၊ ဒေါသမထွက်တော့ဘဲ နေနိုင်တဲ့နေ့ကိုရောက်လာပါတော့တယ်။ ကောင်လေးကသူ့အဖေကို “ အဖေရေ သားတော့စိတ်ထိန်းနိုင်သွားပြီဗျ “ လို့သတင်းပို့တယ်။ အဲ့ကျတော့ အဖေလုပ်တဲ့သူက “မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင် ပြီဆိုတာနဲ့ တစ်နေ့ထိန်းနိုင်ပြီဆိုရင် တစ်ချောင်းနှုန်းနဲ့ပြန်နှုတ်” ဆိုပြီး နောက်တစ်မျိုးပြောင်းခိုင်းပါရော….အဲဒီလိုနဲ့ ရက်တွေကြာလာတဲ့အခါ ကောင်လေးက သူ့အဖေကို သွားပြောနိုင်သေးတယ်…”အဖေရေ၊ သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီးသွားပြီဗျ..တစ်ချောင်းမှ မကျန်တော့ဘူး” ပေါ့…
အဖေလုပ်သူက သားရဲ့လက်ကိုဆွဲပြီး သံရိုက်ခဲ့တဲ့ ၀င်းထရံဆီကို ခေါ်သွားပြီး “တော်တယ်…ငါ့သား” လို့ပြောတယ်..”ဒါပေမယ့်သားသေချာကြည့်စမ်း…၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်…အရင်တုန်းကလိုချောချောမွေ့မွေ့တော့ မဟုတ်တော့ ဘူးဆိုတာ သားမြင်တယ်မဟုတ်လား။ သားစိတ်တိုတို ဒေါသဖြစ်ဖြစ်နဲ့ ပါးစပ်တစ်လုံးနဲ့ ပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ဝင်းထရံ တိုင်မှာ အခုလိုပဲ အမာရွတ်တွေ ထင်ကျန်ရစ်တတ်တယ်။ အဲ့လိုပဲ လူတစ်ယောက်ကို ဓားနဲ့ထိုးလိုက်တယ် ပြီးရင်ဓားပြန်နှုတ်ပြီး ရှိခိုးဦးတင်တောင်းပန်တယ်ဆိုပါတော့ ဘယ်နှစ်ခါတောင်းပန် တောင်းပန် ဒဏ်ရာနဲ့ အမာရွတ်ကတော့ မလွဲမသွေကျန်ကိုကျန်နေတော့မှာ အဲ့လိုပဲ နှုတ်နဲ့တစ်ဖက်သားကို ထိုးနှက်တဲ့အခါမှာလည်း ဓားနဲ့ထိုးသလိုပဲ အနာတရဖြစ်တတ်၊ အမာရွတ်ကျန်တတ်စမြဲပဲ ငါ့သား ”

တကယ်တော့ မိတ်ဆွေသူငယ်ချင်းဆိုတာတွေဟာ အဖိုးထိုက်တန်တဲ့ရတာနာတွေပါပဲ၊ မိတ်ဆွေသူငယ်ချင်းတွေဟာ ကျွန်တော်တို့ကိုရယ်မောစေနိုင်တယ်၊ ကျွန်တော်တို့ဘ၀မှာ အောင်မြင်မှုခရီးရောက်အောင် အားပေးကူညီနိုင်တယ်၊ ရင်ဖွင့်စကားလေးတွေကို အားစိုက်ပေးနိုင်တယ်၊ ချီးကျူးစကား ကဲ့ရဲ့စကားအလုံးစုံကိုလည်း မျှဝေခံစားပေးနိုင်တယ်၊


ဒီလိုပဲ သူငယ်ချင်းတို့ရဲ့ ခြံစည်းရိုးမှာ ကျွန်တော့်ကြောင့် သံနှုတ်ရာတွေကျန်ရစ်ခဲ့တယ်ဆို

ရင် ကျွန်တော့်ကို ခွင့်လွှတ်ဖို့ တောင်းပန်ချင်ပါတယ်။ ခွင့်လွှတ်ပါနော်။
0 comments
6:40 PM Jul. 7, 2008 - 0 comments - [ post comment ]
ဖားတစ်သင်းဟာ တောကြီးမျက်မည်းထဲမှာ ခရီးလှည့်နေကြတယ်။ သစ်ရွက်တွေဖုံးနေတဲ့ တွင်းနက်ကြီးထဲကို ဖား၂ကောင်က ကျသွားတယ်။ တွင်းဘယ်လောက်နက်လဲဆိုတာ တွင်းနှုတ်ခမ်းဝမှာ ၀ိုင်းနေတဲ့ဖားတွေက မြင်ရတဲ့အခါ ကျသွားတဲ့ဖား၂ကောင်ကို သည်လိုလှမ်းအော်ပြောတယ် "မင်းတို့တော့သွားပြီ..ဘယ်လိုမှပြန်တက် လို့ရတော့မှာမဟုတ်ဘူး..တွင်းထဲမှာပဲ မင်းတို့၂ကောင်သေရတော့မယ်" တဲ့

တွင်းထဲကျနေတဲ့ဖား၂ကောင်ကလည်း သူတို့အဖော်တွေပြောတဲ့ စကားကိုလျစ်လျူရှုလိုက်ကြပြီး သူတို့ကိုယ်စွမ်းရှိသလောက် တွင်းနှုတ်ခမ်းဆီ အတင်းခုန်တက်ကြတယ်။ ၀ိုင်းကြည့်နေကြတဲ့ဖားတွေကလည်း တစ်ခါတည်းကိုသံပြိုင်အော်ကြပါလေရော
"အဲ့လိုမလုပ်ကြနဲ့ မင်းတို့သေကုန်တော့မယ်..ခုန်တက်လို့ကလည်း တွင်းကအနက်ကြီး ဘယ်လိုလုပ်တက်နိုင်မှာလဲ..
အေးအေးသက်သာအသေခံလိုက်ကြပါတော့..အမောလည်းဆို့ ကိုယ်လည်းနာပြီးသေရမှာထက်စာရင်
ဒီတိုင်းသေခံလိုက်တာမကောင်းဘူးလား " တဲ့။
ပြောလွန်းမက ၀ိုင်းပြောကြတဲ့အခါမှာ ဖား၂ကောင်အနက် ၁ကောင်ကတော့ဆက်မကြိုးစားတော့ဘူး။ အဲ့လိုလည်းမကြိုးစားပဲနေလိုက်တာ မတ်တတ်ရပ်ပြီး သေပွဲ တန်းဝင်လိုက်တော့တာပဲ။ ကျန်တဲ့ဖား၁ကောင်က မရပ်မနား သူ့မှာရှိသမျှ အတွင်းအားအပြင်အား အကုန်
ထုတ်သုံးရင်း တွင်းနှုတ်ခမ်းပေါ်ကို မရောက်ရောက်အောင်ကြိုးစားနေတော့တယ်။ ၀ိုင်းကြည့်နေတဲ့အပေါင်း
အသင်းတွေက တစ်ချီတစ်မောင်းထပ်အော်ကြပြန်တယ်။ "ဟေ့ကောင်..တော်ပါတော့ဟ ဒီလောက်နက်တဲ့
တွင်းကြီးထဲကို မင်းဘယ်လို ခုန်ထွက်နိုင်မလဲ အလကား အသားနာခံမယ့်အစား အသေသာခံလိုက်ပါတော့ သူငယ်ချင်းရယ် "တဲ့။ ဒါပေမယ့် ခုန်နေတဲ့ဖားက ရပ်ကိုမရပ်တော့ဘူး။ ခုန်နေတဲ့အားထက် ၂ဆတိုးပြီးထပ် ခုန်လိုက်တယ်။နောက်ဆုံးတော့ တွင်းဝကို အဲ့ဖားလေးရောက်သွားရော။ သူလည်းတွင်းနှုတ်ခမ်းကိုရောက် ရော အော်နေတဲ့ သူအပေါင်းအသင်းများက ၀ိုင်းမေးကြတယ်.."မင်းကွာ ငါတို့ဒီလောက်တားတာတောင်
မကြားဖူးလားဟေ.." တွင်းထဲပြန်ထွက်လာတဲ့ဖားက အမောဖြေရင်းနဲ့ သူ့အပေါင်းအသင်းတွေပြန်ရှင်းပြ တယ်..
"ငါ့နားသိပ်မကောင်းဘူးကွ..မင်းတို့အော်နေတာ ငါ့ကိုတားနေတာလားကွ ငါကငါ့ကို ၀ိုင်းပြီးသြဘာပေးနေတယ်မှတ်လို့.."တဲ့။

ပုံပြင်လေးကပေးလိုက်တဲ့ သင်ခန်းစာ၂ခုကတော့...
(၁) နှုတ်နဲ့လျှာဟာသေစေ၊ရှင်စေနိုင်တဲ့ စွမ်းအားတွေရှိတယ်။ လူတစ်ယောက်စိတ်ပျက်အားငယ်နေတဲ့ချိန် တွေမှာ အားပေးစကားလေး၁ခွန်း
     လောက်ပြောလိုက်တာဟာ အဲ့ဒီလူကိုအားတက်စေပြီး ဘ၀အမောတွေ
ပြေစေနိုင်ပါတယ်။
(၂) စိတ်ပျက်အားငယ်နေတဲ့သူကို အပျက်စကားပြောလိုက်ခြင်းအားဖြင့် အဲ့ဒီလူကို သတ်လိုက်နိုင်ပြန်ပါသေးတယ်။
6:38 PM Jul. 7, 2008 - 0 comments - [ post comment ]
နာမည်ကျော် အိမ်ဆောက်လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ လက်သမားဆရာတစ်ယောက်ဟာ အသက်အရွယ်ကြီးလာတာနဲ့ အနားယူဖို့ပြင်ဆင်နေတယ်။  ဆရာကြီးဟာ သူ့အလုပ်ရှင်ကန်ထရိုက်တာကြီးကို အကျိုးအကြောင်းပြောပြပါတယ်။ အိမ်ဆောက်လုပ်ငန်းကို စွန့်ခွာပြီး မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်းနေဖို့ စိတ်ကူးထားတဲ့အကြောင်းပေါ့။ ပိုက်ဆံတော့အရင်ကလို ၀င်တော့မှာမဟုတ်မှန်းသိပေမယ့် အသက်ကကြီးလာတော့ နားချင်ပြီလို့..ဘယ်လိုပဲဖြစ်ဖြစ်စုဆောင်းထားတာလေးနဲ့ အဆင်ပြေမှာပါလို့လဲ အလုပ်ရှင်ကန်ထရိုက်တာကြီးကို လက်သမားဆရာကြီးကပြောပါတယ်။
ဒီစကားကိုကြားတော့ကန်ထရိုက်တာကြီး အတော့်ကို စိတ်မကောင်းဖြစ်သွားတယ်။ သူ့လုပ်ငန်းမှာ ဒီလက်သမားဆရာက အခရာပဲ။ အင်မတန်လုပ်ရည်ကိုင်ရည်ရှိပြီး လက်ရာကောင်းတဲ့သူဆိုတော့ နှမြောတယ်ပေါ့ ဒါပေမယ့်သူ့ဖက်ကကြည့်ရင်လည်း တရားပါတယ်လို့ ကန်ထရိုက်တာကြီးက တွေးပါတယ်။
အနားမယူခင်မှာ ကျွန်တော့်ကို အိမ်တစ်လုံးပြီးအောင်ဆောက်ပေးဖို့ ကန်ထရိုက်တာကြီးကတောင်းဆိုတာနဲ့ လက်သမားဆရာကလည်းခေါင်းညိမ့်လိုက်တယ်။
အဲ.......အိမ်ကိုလည်း စဆောက်ရော လက်သမားဆရာ ရဲ့စိတ်နှလုံးဟာ အလုပ်ထဲမှာမရှိဘူးဆိုတာ တော်တော်လေးကို သိသာနေပါတယ်။ အင်မတန် သပ်ရပ်တဲ့ လက်သမားဆရာကြီးလို့ နာမည်ကြီးလှပေမယ့် ဒီအိမ်ကိုတော့ ဖြစ်ကတတ်ဆန်း၊ ပြီးစလွယ် ပဲဆောက်ထည့်လိုက်တယ်။ အင်မတန်သပ်ရပ်လှပါတယ်.. လက်ရာကောင်းလှပါတယ်ဆိုတဲ့ နာမည်တစ်လုံးကို အလုပ်ကနားတော့မယ်ကြံမှ အဆိုးဆုံးလက်ရာဖြစ်နေပါရောလား
အိမ်လည်းအပြီးသတ်သွားတဲ့အခါ ကန်ထရိုက်တာကြီးက အိမ်ကိုလာပြီးကြည့်တယ်။ ပြီးတော့ အိမ်တံခါးသော့နဲ့တကွ အိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို လက်သမားဆရာကြီးလက်ထဲ အပ်လိုက်ပြီး အခုလိုပြောလိုက်ပါတယ် "ဒီအိမ်ကဆရာကြီးအတွက်ပါ..ဆရာကြီးအနားယူတဲ့အခါ နားနားနေနေ နေနိုင်အောင်လို့ ကျွန်တော်ကျေးဇူးပြုတာပါ" တဲ့။
လက်သမားဆရာကြီးက ကြက်သေသေသွားတယ်..
သွားပြီ..........
ဟာ.. ဒီအိမ်ဟာ သူ့အတွက်ဆိုတာ စောစောမှန်းကြိုသိခဲ့ရင် ဘယ်..ဒီလို ဖြစ်ကတတ်ဆန်းဆောက်ခဲ့မိမှာတုန်း ..သေသေချာချာကျကျနန အပြန်စားဆောက်လိုက်မိမှာပေါ့။
ခုတော့...
ခုတော့...

ကျွန်တော်တို့တွေလည်း ဒီလက်သမားဆရာကြီးလိုပဲမဟုတ်လား။ ကျွန်တော်တို့ ဘ၀ကို ကျွန်တော်တို့ ကိုယ်တိုင်တည်ဆောက်နေကြပါတယ်။တစ်နေ့တစ်ခါ ဆောက်နေတာပါ။ အဲ့လိုဆောက်နေတုန်းမှာ ကိုယ်လုပ်နိုင်တာထပ် အများကြီးလျှော့ပြီး ဖြစ်ကတတ်ဆန်း ဆောက်မိသွားတာလည်း ခဏခဏပါပဲ။
ဒီလိုနဲ့ ကိုယ်ဆောက်ထားတဲ့အိမ်လေးမှာ ကိုယ်နေရတော့မယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ ကျွန်တော်တို့တွေလည်းလက်သမားဆရာကြီးလိုပဲ ကြက်သေသေမိရတာ အကြိမ်ကြိမ်။ အဲ့ချိန်မှ ...ငါနှယ်နော် အစကဒီလိုမှန်းသိရင် ဒီလိုမလုပ်မိပါဘူးလို့ ကြိတ်ပြီးရေရွတ်မိတာလည်းများပြီ။
တကယ်တော့ ကျွန်တော်တို့လူသားတွေဟာလည်း လက်သမားပါပဲ။ တနေ့မှာကိုယ်သဘောထားနဲ့ရွေးချယ်မှုဟာ နက်ဖြန်ကိုယ်နေရမယ့်အိမ်ဆောက်လိုက်တာပဲဖြစ်ပါတယ်။
6:18 AM Jul. 4, 2008 - 1 comments - [ post comment ]
လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၇၈နှစ်ဝန်းကျင် အသက်ရှင်နေထိုင်နိုင်ပါတယ်။ လင်းယုန်ဆိုတာက ကောင်းကင်မှာ သတ္တိရှိရှိ၊ အင်အားအပြင်းဆုံးပျံနိုင်တဲ့ငှက်မျိုး။ဒါပေမဲ့ သက်တမ်း၄၀လောက်ရလာတဲ့အခါမှာ အဲဒီလင်းယုန်ဟာ ကောင်းကောင်းမပျံနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့နှုတ်သီးတွေဟာကွေးလာပြီး ရင်ဘတ်နီးပါးထိအောင်စိုက်ကျလာတယ်။ အတောင်ပံတွေဟာ မခတ်နိုင် တော့လောက်အောင် စိုက်ကျလာတယ်။ လက်သည်းတွေဟာ အလွန်ရှည်လျားလာပြီး အစာရှာဖို့ခက်လာမယ်။ အဲဒါဟာ လင်းယုန်တိုင်းပါပဲ။
အဲဒီမှာရွေးစရာလမ်းနှစ်ခုရှိတယ်။.........
တစ်ခုက ကောင်းကောင်းမပျံနိုင်တော့ပဲ သေပွဲဝင်မယ့်နေ့ကိုထိုင်စောင့်ဖို့။ နောက်တစ်ခုကတော့ ကျန်နေတဲ့သက်တမ်း ၃၈နှစ်ကို ကောင်းစွာပျံသန်းရင်း အသက်ဆက်ရှင်သန်ဖို့။ အဲ ဆက်ပြီးရှင်သန်ဖို့ဆိုရင်တော့ ဖြစ်စဉ်တစ်ခုကို မဖြစ်မနေ ဖြတ်သန်းရမယ်။ အဲဒီဖြစ်စဉ်နာမည်က “Pain and Difficulties” “နာကျင်မှုနဲ့အခက်အခဲ” ပထမဆုံးကျောက်တောင်ထိပ်ကြီး တွေပေါ်ကို ပျံသန်းသွားရမယ်။ အဲဒီကျောက်တောင်ထိပ်ပေါ်ရောက်ရင် နှုတ်သီးကိုကျောက်သားတွေနဲ့ ဖဲ့ရိုက်ချိုးပစ်ရမယ်။ တစ်ခါနှုတ်သီးနဲ့ လက်သည်းတွေကို ဆွဲခွာပြီးနှုတ်ပစ်ရမယ်။ ဘယ်လောက်များ နာကျင်လိုက်လေမလဲ။ ဘယ်လောက်များခက်ခဲလိုက်လေမလဲ။ ကိုယ်တိုင်လုပ်ရတာ။ အသက်ရှင်ချင်သူ ကိုယ်တိုင်လုပ်မှ ရတာမျိုးပေါ့။ ပြီးရင်တော့ ရက်အနည်းနည်းငယ်ကြာကြာတောင်ထိပ်မှာနေပြီး လက်သည်းတွေ၊ နှုတ်သီးတွေပြန်အသစ်ထွက်ပြီး အသားကျလာတဲ့အထိစောင့်ရမယ်။ ပြီးရင်တော့ အဲဒီလင်းယုန်ဟာ ကျန်ရှိတဲ့ သက်တမ်း၃၈နှစ်ကို ရှင်သန်ခွင့်ရသွားပြီ။
ဒုတိယလမ်းကိုရွေးချယ်တဲ့ လင်းယုန်တွေအများကြီးရှိပါတယ်။ ကျွန်တော်တို့ကလူသားတွေပါ။ ငှက်တွေတောင် အကျိုးစီးပွားတစ်ခုအတွက် “နာကျင်မှုနဲ့အခက်အခဲ”ဆိုတဲ့ဖြစ်စဉ်ကိုကျော်နိုင်သေးရင် ကျွန်တော်တို့လိုလူသားတွေက ရည်မှန်းချက်ပန်းတိုင်တွေအရောက်သွားဖို့၊ ဆက်လက်ရှင်သန်နေထိုင်ဖို့ “နာကျင်မှုနဲ့အခက်အခဲ” ဆိုတဲ့ ဖြစ်စဉ်ကိုမဖြစ်မနေ ရင်ဆိုင်ရဲ့ရမှာပေါ့။


ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ကို အရောက်သွားဖို့ တစ်ခါတစ်ရံကျွန်တော်တို့တတွေ အရမ်းနာကျင်ကြရမယ်။ အခက်အခဲတွေမရေတွက်နိုင်အောင် ကျော်ဖြတ်ကြရမယ်။ အဲဒီ “နာကျင်မှုနဲ့အခက်အခဲ”ဆိုတဲ့ဖြစ်စဉ်ကို ကျွန်တော်တို့အတူ ဖြတ်ကျော်ကြရအောင်ပါလေ......... ဘာလို့လဲဆိုရင် ကျွန်တော်တို့အားလုံး ကျန်တဲ့သက်တမ်းတွေကို အဓိပ္ပါယ်ရှိရှိရှင်သန်ရဦးမှာမို့ပေါ့။ ကျွန်တော်တို့တတွေဟာ လက်မြှောက်အရှုံးပေးကြမယ့်သူတွေမဟုတ်လို့ပေါ့။

(ကျေးဇူးတင်ပါတယ် မသက်မွန် နဲ့ ဖိုးဇော်)
6:16 AM Jul. 4, 2008 - 0 comments - [ post comment ]
ခြေသလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့ မှ အနောက် တောင်မှမြောက်သို့ ကျွန်တော်လေလွှင့် နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ တစ်နှစ်ပြီး တစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်းတိုးခဲ့ သည်။ ကမ္ဘာ့ရွာ တဖြည်းဖြည်းကျဉ်းလာသည်။ မွေးရပ်မြေကအမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။

လွန်ခဲ့သော ၂၀နှစ်တွင် မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို စူးစမ်းဖို့ ကျွန်တော်ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း၂၀အတွင်း ပီးကင်းမှရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်မှ ၀ါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတဆင့် လန်ဒန်မှ ဆစ်ဒ်နီ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော်ရောက်ခဲ့ ဖူးသော နိုင်ငံများ ၂၀ကျော်ခဲ့သည်။ နေရာသစ်တစ်ခု ရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော်ပြောင်းလဲနေခဲ့ဖူးသည်။ သို့သော်စိတ်ထဲတွင် အမေ့ကို လွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။ ဖုန်းကဒ်လေးတွေပေါ်လာတော့မှ အမေ့ကို မကြာခဏကျွန်တော်ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင်အမေ၏ အေးချမ်းသောအသံသည် ဘ၀၏စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အားပိုဖြစ်စေခဲ့သည်။ အမေ့၏ အသံမှာ တစ်နှစ်ထက်တစ်နှစ် ပိုအိုစာသွားခဲ့သည်။ အမေ့နှင့် ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ အမေ့ကို စိတ်မပူဖို့၊ နေရာတကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကြများပြီး အလုပ်အကိုင်ပျက်မည်ဖြစ်ကြောင်း ထပ်တစ်လဲလဲပြောသည်။ ကျွန်တော်စိတ်မကောင်ဖြစ်မိသည်။ အမေကျွန်တော်ကို လွမ်းနေပြီ၊ တွေ့ချင်နေပြီဆိုတာကို ကျွန်တော်သိလိုက်ပါသည်။

အမေ ၇၅နှစ်ရှိပါပြီ။ ကျွန်တော် လက်ထဲကအလုပ်တွေကိုချ စိတ်ထဲက အစီအစဉ်ကို ဖျက်ပြီး အမေဆီကို တစ်လပြန်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း ဘာမှမလုပ် ဘာမှမတွေးပဲ အမေအနားတွင်နေမည်။

ကျွန်တော်ပြန်လာခဲ့မည့်အကြောင်း အမေကို ဖုန်းဆက် အကြောင်းကြားပြီးနောက် အမေစတင် အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ် တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သော အစားစားများမှတ် ၊ ကျွန်တော်ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ ကျွန်တော် ရောက်တုန်း အဆင်သင့် ၀တ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေ အလုပ်တွေရှုပ်နေခဲ့သည် ဆိုတာကို နောက်မှ ကျွန်တော်သိခဲ့ရသည်။ အသက် ၇၅နှစ် ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားနေရင် မောတတ်တဲ့ အမေ ကျွန်တော်ပြန်လာဖို့ အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။

လေယာဉ်ပေါ်တွင် အမေနှင့်တွေ့သည့်အခါ အမေ့ကိုပြေးပြီးဖက်လိုက်မည်ဟု စိတ်ကူးနှင့် ကြည့်နုနေမိသည်။ တကယ်တမ်းအမေနှင့်တွေ့သောအခါတွင် ကျွန်တော်ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင် ကြိုနေသောအမေသည် သစ်ခြောက်အိုပင်နှင့် တူနေသည်။ မျက်နှာပေါ်တွင် အရစ်အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့်မတူတော့။ အမေတော်တော်အိုစာသွားခဲ့ ပါလား။

အိမ်ြပန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေစတင်ချက်ပြုတ်တော့သည။် သို့သော် ထိုဟင်းများကို ကျွန်တော်မကြိုက်တော့ကြောင်းအမေ့ကို မပြောဖြစ်ခဲ့.။ မျက်စိမှုန်လာပြီ ဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက် ပေါ့တစ်ခွက်ဖြင့် အရသာများအရင်ကနှင့်မတူတော့။ ကျွန်တော်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလဲ ဂွမ်းစစ်စစ်စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူထူကြီးတွေကို ခြုံအိပ်ရတဲ့ အကျင့်ကျွန်တော့မှာမရှိတော့။ ဂွမ်းစောင်အစား သိုးမွှေးစောင်နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျွန်တော်မပြောဖြစ်ခဲ့။ ကျွန်တော်ပြန်လာတာ အမေကိုလွမ်းလို့ တွေ့ချင်လို့ ပဲလေ။

အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များ ရှုတ်နေသောကြောင့် အမေနှင့် ကောင်းကောင်း စကားမပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လည်း လူဖြစ်အင်များ လူဘ၀အကြောင်းများ ကိုထပ်တလဲလဲ ပြောနေတော့သည်။ ထိုအကြောင်းများသည် လွန်ခဲ့ သော ၁၀နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင်ပြောခဲ့သော စကားများဖြစ်သည်။ ထိုအကြောင်းအရာနှင့် ကျွန်တော၏ဘ၀နှင့် အလုပ်အကြောင်းကိုခိုင်းနှိုင်ြး့ပီးပြောတော့သည်။ ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်လာလျှင် ထိုအကြောင်းအရာများ သည် ခေတ်နောက်ကျနေပြီဖြစ်ကြောင်း ပြောမိလျှင် အမေသည် တွေတွေလေး တစ်နေရာရာကို ငေးကြည့်နေတတ်သည်။

မျက်စိတွေ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေ့ဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော်သတိပြုမိလာသည်။ အမေချက်သောဟင်းထဲတွင် တစ်ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ ပါလာတတ်သလို၊ ထမင်းဟင်းများ ကြမ်းပေါ်သို့ ကျလျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။ အခြေနေများသည် ယခင်ကနှင့်မတူတော့။ အိမ်တွင်ချက်မစားပဲ ဆိုင်တွင်မှာစားရန်ပြောသောအခါ အပြင်စားများ သည် ညစ်ပတ်ကြောင်း ကျန်းမာရေးနှင့်မညီညွတ်ကြောင်း ပြောသည်။ ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟုပြောပြန်လျှင် အမေသည် ငါလှုပ်ရှားနိုင်သေးသည်။ ငါမအိုသေးဘူးဟု ကျွန်တော့ကို စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ ထဲသို့သွားလျှင် အမေလည်းလိုက်ချင်သည်။ နောက်ဆုံး တွင် အမေခြေလှမ်း ကြောင့် လိုရာသို့ မရောက်နိုင်ခဲ့။

အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော့ အယူအဆများသည် မှားနေပြီဖြစ်ကြောင်း၊ လှမ်းမှားလိုက်နေပြီဟု အမေထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့် အညီ တိုးတက်နေပြီဖြစ်ကြောင်းကိုတော့ ကျွန်တော့ အားမနာစွာ အမေ့ကို ပြောဖြစ်ခဲ့သည်။

နောက်ပိုင်းအမေနှင့်ပြောဖြစ်သော စကားတိုင်းတွင် ကျွန်တောသည် စိတ်အနှောင့်အယှက် ဖြစ်ပြီး စကားလမ်းကြောင်းလွဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော စိတ်မရှည်သော အချိန်တွင် စကားသံကိုအကျယ်ကြီးပြောမိခြင်း၊ စကားဖြတ်ခြင်း များပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။

ခွင့်တစ်လပြည်၍ ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောင်က သေတ္တာဟောင်းတစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော့အားပေးလေသည်။ ထိုသတင်းစာဖြတ်ပိုင်းများမှာ ကျွန်တောပြည်ပရောက်စဉ် ကျွန်တော်ရောက်ဖူးသမျှ နိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။ ကျွန်တောကိုပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစိုက်ညှပ်ပြီးအမေသိမ်းထားခြင်းဖြစ်သည်။ ကျွန်တော့လက်ထဲသို့ အပ်ပြီး ကျွန်တော်နှင့် အတူတူဆောင်ယူသွားစေလိုသည်။

မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့ အမေ သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုတာကို ကျွန်တော်အသိ၊ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော်ယူမသွားချင်ပေ။ ကျွန်တော် တွေဝေနေသည့် အခိုက်တွင် အမေ့လက်ထဲမှာ ဖြတ်ပိုင်းလေးတစ်ခု လွှင့်ကျသွားသည်။ ကျွန်တော့ထက်ဦးအောင် အမေကကောက်ယူလိုက်ပြီး အင်္ကျီအိပ်ထဲသို့ ထည့်လိုက်သည်။
“ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျွန်တော့်ကိုပြပါလားဟင် “ အမေ တွေတွေလေးနှင့် ကမ်းပေးပြီး ထမင်းစားခန်းထဲသို့ ထွက်သွားလိုက်သည်။

ကျွန်တော် ချက်ခြင်းဖတ်ကြည့်လိုက်မိသည်။ ငါအိုသွားသောအခါ ဟုခေါင်းစဉ်တပ်ထားသော ၂၀၀၄-၁၂လပိုင်း ၆ရက်နေ့ ကဆောင်းပါးလေးဖြစ်သည်။ ဆောင်းပါးလေးမှာ ---

‘ငါအိုသွားတဲ့အခါ’

ငါအိုသွားတဲ့ အခါ ငါဟာအရင်က ငါမဟုတ်တော့ဘူး၊ ငါကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ၊ ချိနဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်လောင်းမိတဲ့ အခါ၊ ဖိနပ်ကြိုးတွေချည်ဖို့ မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်ထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင် တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။

ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကို မလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့ မေးခွန်းတွေကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့ အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။

အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီပဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ခဏလေး ဘေးကနေငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀တက်လမ်း အတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမြမှုတွေကို ငါ့ပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီ အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံအောင် ဖက်လိုက်မိသည်။
ကျွန်တော်သေတ္တာထဲက အကောင်းဆုံးအ၀တ်တစ်စုံကိုထားခဲ့ပြီး ထိုဖြတ်ပိုင်းများကိုထည့်လိုက်သည်။ ကျန်သော ဖြတ်ပိုင်းများက ကျွန်တော့အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော်ဘယ်နေရာရောက်ရောက် ကျွန်တော့အပါးက အမြဲမခွာတော့။

( ဒီလိုစာစဉ်လေးတွေကို စုစည်းပေးတဲ့အတွက် မမငြိမ်းကို အထူးကျေးဇူးတင်ပါတယ် )
10:03 PM Jul. 3, 2008 - 1 comments - [ post comment ]

တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။

ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက “ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲ လိုတယ်။

အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က “ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ” လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင် တစ်ခုလှဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်း ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လှဲပေးဖို့ပဲ လိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို တွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာ ဥခွံကိုပဲ ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။ ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။ ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေက သူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲ မရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက ပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊ လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။

လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊ ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ လိုတယ်။

9:57 PM Jul. 3, 2008 - 0 comments - [ post comment ]

မိဘမဲ့ကျောင်းက ကြီးပြင်းလာခဲ့တဲ့ လူငယ် တစ်ယောက်က သူတွေ့ကြုံခဲ့ ရတဲ့ အတွေ့အကြုံကို ဒီလိုပြောပြသွားခဲ့ တယ်။

ကျွန်တော် ငယ်ငယ်လေးကတည်းက မိဘတွေ ဆုံးပါးသွားခဲ့လို့ ကျွန်တော် ၉နှစ်သားအရွယ်မှာ လန်ဒန်မြို့က မိဘမဲ့ ကျောင်းတစ်ကျောင်းမှာ သွားနေခဲ့ရတယ်။ မိဘမဲ့ကျောင်းလို့သာဆိုတယ် ထောင်နဲ့မကွာလှဘူး။ နေ့အချိန်မှာ ကျွန်တော်တို့ ၁၄နာရီလောက် အလုပ်လုပ်ရတယ်။ ပန်းခြံမှာ စိုက်ပျိုးရတယ်။ မီးဖိုမှာ ကူရတယ်။ တစ်ခါတလေ လယ်တွေ ထွန်ယက်ရတယ်။ ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ ကျွန်တော်တို့ရဲ့ ဘ၀ မပြောင်းလဲခဲ့ဘူး။ တစ်နှစ်ပတ်လုံးမှာ ကျွန်တော်တို့အတွက် နားရက်တစ်ရက်ပဲ ရှိတယ်။ အဲဒီနေ့က ခရစ်စမတ်နေ့ပဲ။ အဲဒီနေ့မှာ ဘုရားသခင်ကို ပူဇော်တဲ့အနေနဲ့ လူတိုင်း လိမ္မော်သီး တစ်လုံးစီရကြတယ်။ ခရစ်စမတ်မှာ ကျွန်တော်တို့ အတွက် အစားအသောက်ကောင်းတွေ မရှိဘူး… ကစားစရာ အရုပ်မရှိဘူး… ကျွန်တော်တို့ရဲ့ ဝေစုဟာ လိမ္မော်သီး တစ်လုံးပဲဖြစ်တယ်။ တစ်နှစ်ပတ်လုံး အမှား မကျူးလွန်တဲ့သူ၊ ပြောသမျှ စကားကို နားထောင်ပြီး လိမ္မာတဲ့သူမှ လိမ္မော်သီးကို ရတယ်။ ဒါကြောင့် ခရစ်စမတ်ရဲ့ လိမ္မော်သီးဟာ ကျွန်တော်တို့ တစ်နှစ်ပတ်လုံးရဲ့ မျှော်လင့်ချက် ဖြစ်ခဲ့တယ်။

ဒီလိုနဲ့ ခရစ်စမတ် ပွဲတော်ရက် တစ်ရက်ရောက်လို့လာပြန်တယ်။ အဲဒီရက်က ကျွန်တော့် အတွက် ကမ္ဘာပျက်တဲ့ နေ့ပဲ…. ကလေးတွေ အားလုံး လိမ္မော်သီးရဖို့အတွက် ကျောင်းအုပ်ကြီးရှေ့ တန်းစီနေချိန်မှာ ကျွန်တော်က အခန်းရဲ့ ထောင့်တစ်နေရာမှာ အပြစ်ပေးတာခံနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနှစ် နွေတုန်းက ကျောင်း ကနေ ကျွန်တော်ထွက်ပြေးဖို့ ကြိုးစားခဲ့မိလို့ပဲ။ လိမ္မော်သီးရတဲ့ ကလေးတွေ ခြံထဲ ကစားခွင့်ရတဲ့ အချိန်မှာ ကျွန်တော်က အိပ်ခန်းထဲမှာ တစ်နေကုန် လဲလျောင်းနေရတယ်။ ကျွန်တော် အရမ်းဝမ်းနည်းမိတယ်။ အရမ်းလဲ ရှက်မိတယ်။ ရှိုက်သံတွေကို မျိုသိပ်ရင်း ကျွန်တော် မျက်ရည်ကျမိတယ်။ ဒီလောကမှာ ကျွန်တော် အသက်ရှင် နေတာ ဘာအဓိပ္ပါယ်မှ မရှိခဲ့ဘူး။

တအောင့်ကြာတော့ ကျွန်တော့်အခန်းထဲ ၀င်လာတဲ့ ခြေသံကို ကျွန်တော် ကြားမိလိုက်တယ်။ ကျွန်တော့် ကိုယ်နဲ့ လုံးထွေးနေတဲ့ စောင်ကို လက်တစ်ဖက်က ဆွဲလှန်လိုက်တာကို ကျွန်တော်ခံစားမိတယ်။ ကျွန်တော် မျက်စိကို ဖွင့်ကြည့်လိုက်တော့ ၀ီလီလို့ခေါ်တဲ့ ကောင်လေးတစ်ယောက် ကုတင်ရှေ့မှာ ရပ်နေတာကို တွေ့လိုက်တယ်။ သူ့ ညာဖက်လက်မှာ ဆုပ်ကိုင် ထားတဲ့ လိမ္မော်သီး ကျွန်တော်ကို ကမ်းပေးနေတယ်။ သူ့ ဆီမှာ ဘယ်လိုလုပ်ပြီး လိမ္မော်သီး တစ်လုံးပိုနေရတာလဲ… ကျွန်တော် နားမလည်ခဲ့ဘူး…. ၀ီလီကို ကြည့်လိုက် လိမ္မော်သီးကို ကြည့်လိုက်နဲ့ ကျွန်တော် ဇဝေဇ၀ါဖြစ်နေမိတယ်။

ဝီလီက လက်ကို ရှေ့တိုးပြီး ထပ်ကမ်းပေးလာပြန်တယ်။ အခွံနွှာထားတဲ့ လိမ္မော်သီးကို သေချာကြည့်လိုက်မိမှ အရာရာကို ကျွန်တော် သဘောပေါက်သွားတော့တယ်။ ကျွန်တော် မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျှံလို့ လာပြန်တယ်။ ၀ီလီကမ်းပေးလာတဲ့ လိမ္မော်သီးကို လက်နှစ်ဖက်နဲ့ ကျွန်တော် တယုတယ ယူလိုက်တယ်။ နို့မဟုတ်ရင် လိမ္မော်သီးတွေ အစိပ်စိပ် အမွှာမွှာ ကွဲကုန်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝေစုရတဲ့ ကလေးဆယ်ယောက်က ဒီခရစ်စမတ်မှာ ကျွန်တော်ကိုလည်း လိမ္မော်သီးတစ်လုံး ပိုင်ဆိုင်စေချင်တဲ့ ဆန္ဒနဲ့ သူတို့ဝေစုထဲက လိမ္မော်သီး တစ်စိပ်စီကိုယူပြီး လိမ္မော်သီး တစ်လုံးဖြစ်အောင် ပေါင်း လိုက်တာပဲဖြစ်တယ်။ ကျွန်တော့်ဘ၀မှာ အဲဒီ လိမ္မော်သီးဟာ အချိုဆုံး၊ အကောင်းဆုံး ခရစ်စမတ် လက်ဆောင် ဖြစ်ခဲ့တယ်။ သူတို့ရဲ့ စစ်မှန်တဲ့ သူငယ်ချင်းပီသမှုကို ကျွန်တော်ခံစားလိုက်ရတယ်။


သူငယ်ချင်း မိတ်ဆွေဆိုတာ ဘ၀မှာ အဖိုးတန်တဲ့ အပေါင်းအဖော်တွေပါ။ မတော်တဆ ပြောလိုက်မိတဲ့ စကားလေးတစ်ခွန်းနဲ့ အပြုအမှုအတွက် သင် စိတ်ထိခိုက်နေသလား… သင့်လက်ထဲက လိမ္မော်ချိုလေး တစ်စိပ်ကို မျှဝေလိုက်ပါ….. နှလုံးသားရဲ့ ရီမောသံတွေကို သင် ပြန်ကြားပါလိမ့်မယ်။

( ဒီစာကို ဖတ်ခွင့်ရအောင် ပေးခဲ့တဲ့ သူငယ်ချင်း ဖိုးဇော်ကိုလည်း ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတွေအတွက် လိမ္မော်သီစိပ် ချန်ပေးနိုင်တဲ့ သူငယ်ချင်း ဖြစ်အောင်ကြိုးစားနေမယ် )

9:48 PM Jul. 3, 2008 - 0 comments - [ post comment ]
ကျွန်မတို့တွေဟာ လုပ်ငန်းခွင်မှာရော လူမှုပတ်ဝန်းကျင်မှာပါ နေ့စဉ်နေ့တိုင်း လူအမျိုးမျိုးနဲ့ ပြောဆိုပတ်သက်ဆက်ဆံ နေရပါတယ်။ လူတစ်ဦးနှင့်တစ်ဦး မတူညီကြတဲ့အတွက် တစ်ယောက်တစ်မျိုးဆိုသလိုပါပဲ။ အရာရာတိုင်းဟာ အကောင်းချည်းမရှိသလို အဆိုးချည်းလည်းရှိတာမဟုတ်ပါဘူး။ လူတစ်ယောက်မှာကောင်းတဲ့စိတ်နေစိတ်ထားရှိသလို တခါတခါမှာတော့လည်း အများနှင့်စိတ်သဘောချင်းမတိုက်ဆိုင်တတ်ဘဲ သဘောဆိုးတယ်လို့ ထင်ရမြင်ရတတ်တာတွေ လည်းရှိပါတယ်။ များသောအားဖြင့်တော့ လူတွေဟာ အတတ်နိုင်ဆုံး မိမိကိုယ်ကိုကောင်းအောင် ကြိုးစားနေကြတာချည်းပါပဲ။ တတ်နိုင်သလောက် မေတ္တာ ၊ စေတနာထားနေကြတာပါပဲ။ ဒါပေမယ့်လည်း ကိုယ့်ဘက်ကကြည့်တော့လက်ဖ၀ါး ၊ သူ့ဘက်က ကြည့်တော့လက်ဖမိုး ဆိုသလို အမြင်ချင်းမတူညီဘဲ ကွဲလွဲတာလေးတွေရှိရင် လူမှုဆက်ဆံရေးမှာ စိတ်ကသိကအောက် ဖြစ်ကြရပါတယ်။

     ကိုယ်ကအတတ်နိုင်ဆုံးကောင်းအောင်နေပါလျက်နဲ့ သူတစ်ပါးအပေါ်စေတနာထားပါလျက်နဲ့ ကိုယ့်ကပေးဆပ်လိုက်ပါလျက်နဲ့ ကိုယ့်အပေါ်သူရဲ့ တုန့်ပြန်မှုက ကိုယ်ပေးလိုက်သလို မဟုတ