 |
မြန်မာ့မျက်ပွင့်
9:21 AM on Jun. 3, 2008
စာမျက်နှာ သစ်လေး နဲ့ အတူ....ဒီဆိုက်လေးကို ဂုဏ်ပြုလိုက်ပါတယ်ဗျာ...။ ကျုပ်ဆိုတဲ့ကောင်... ဘာမသိ ညာ မသိပါ ညတစ်ညမှာတော့ အိပ်ချင်မူးတူး ဖြစ်နေတဲ့ ကျုပ်ကို သူငယ်ချင်းတစ်ယောက်က အသည်းသန် ဒီဆိုက်ထဲကို ၀င်ကြည့်ခိုင်းတယ်.......။ ကျုပ်တော်တော် တင်းသွားတာ...အိပ်ပျော်နေတာကိုး...။ ဒါနဲ့ ပဲ...အေးကွာ..အေး အေး ဆိုပြီး..၀င်ကြည့်လိုက်တယ်...။ အားပါး............................ တော်တော် လန်းတာပဲ.......။ ဘယ်လောက်လန်းလဲ ဆို....မျက်စိတွေတောင်ကျယ်သွားတယ်.. (နဂိုကတည်းကလဲ..ကျုပ်မျက်လုံးက ခပ်ကျယ်ကျယ်ကိုး) မိုက်တယ်...ကျုပ်တို့ မြန်မာ အင်တာနက် သုံးသူ လေ့လာသူတွေ အတွက်.. လေ့လာစရာ...ကလိ စရာ တစ်ခု တိုးလာတာပေါ့...။ ဟုတ်ဘူးလားဗျာ.. ကျုပ်ကတော့ ကြိုက်တယ်... ၀ါသနာတော့ အဲလောက်မပါဘူး ...ဒါပေမဲ့ ကလိလို့ကောင်းတယ်.. ရှေ့လျှောက် အားရင် အားသလို. စာတွေရေးတင်သွားမယ်ဗျာ... မကောင်းဘူးလား... ခင်ဗျားတို့လဲ...လက်တည့် စမ်းကြည့်ကြလေ...။ မြန်မာမျက်ပွင့် ဆိုတော့...ပွင့်ပွင့် လင်းလင်း မြန်မာမှု ဆန်ဆန်လေးတွေပေါ့ဗျာ....
နိုင်ထွန်း ...။
(ကျုပ် ဆိုတဲ့ အသုံးနှုံးကြောင့် ရိုင်းစိုင်းသည်ဟု. မထင်စေလိုပါ..။ အညာသားတစ်ယောက်ဖြစ်သောကြောင့် အညာ၏ လေသံကို မြန်မာ ဆန်ဆန်ရယူခြင်းဖြစ်ပါသည်.။)
|