10:13 PM on Jul. 5, 2008
အာဆင်ဝင်းဂါးရဲ့ ထက်မြက်လှတဲ့ လူငယ်မွေးထုတ်ရေးစီမံကိန်းမှာ အသက်(၁၈)နှစ် မပြည့်သေးတဲ့ ဝေးလ်နိုင်ငံသား ၊ ကွင်းလယ်ကစားသမားတစ်ယောက် ထပ်မံထွန်းတောက်လာဖွယ် ရှိနေပါတယ်။ သူဟာ အသက်(၈)နှစ်အရွယ်ကတည်းက ကာဒစ်ဖ်ရဲ့ ဘောလုံးလူငယ်မွေးထုတ်ရေးစီမံကိန်းမှာ သက်ဝင်လှုပ်ရှားနေပါပြီ။ အသက် (၁၆)နှစ်နဲ့ (၁၂၄)ရက်မှာပဲ ကာဒစ်ဖ်အသင်းရဲ့ အသက်အငယ်ဆုံး၊ အမြဲတမ်း ပွဲထွက်ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အေရွန်ရမ်ဆေးကို အာဆင်ဝင်းဂါး မျက်စိကျခဲ့သလို မန်ယူနည်းပြ ဖာဂူဆန်ကလည်း နှစ်ခြိုက်လို့ ကမ်းလှမ်းမှုတွေ အပြိုင်ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ၀င်းဂါးကတော့ ၂၀၀၈-၀၉ ရာသီ အပြောင်းအရွေ့ဈေးကွက်မှာ ဝေးလ်နိုင်ငံသားလေးကို ပေါင်(၅)သန်းနဲ့ လက်ဦးမှု ရယူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါပြီ။ ဖာလာမီနီရဲ့ မမျှော်လင့်တဲ့ အပြောင်းအရွှေ့အတွက် အစားထိုးနိုင်မယ့်သူ ဖြစ်လာဦးမလားဆိုတာ ရမ်ဆေးအပေါ် အားလုံးက အာရုံစိုက်နေကြဆဲပါ။